ထန်းတပင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အောင်သုခရပ်ကွက် ညောင်ဝိုင်း​ဘုန်း​တော်ကြီးကျောင်း အေးသုခဓမ္မာရုံတွင် နည်းပညာဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် အထကကျောင်းတွင် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

လေးမျက်နှာမြို့နယ် ကုန်းကြီးကျေးရွာနှင့် အကယ်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝါးရုံချောင်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာနှင့် အကယ်ကျေးရွာတို့တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မင်းလှမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် နေဗီမြက်မျိုးများ ပေးအပ်ခြင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ် ချုပ်ရေးအဖွဲ့များ တွေဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဈေးများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

မိုင်းရယ်မြို့နယ်အတွင်း သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းကစတင်၍ ဆောင်ရွက်လျက်ရှိသည်။

သိန္နီမြို့တွင် နှင်းဆီပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် Nyi&Linn နှင်းဆီပန်းစိုက်ပျိုးရေး မိသားစုအနေဖြင့် အပိုဝင်ငွေရရှိစေရန် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအနေဖြင့် နှင်းဆီစိုက်ပျိုးခြင်းကို သိန္နီမြို့ ရပ်ကွက်(၄)တွင် စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြစ်ကြီးနားတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းမကြီးဘေး နဘူးတောကျေးရွာအနီးရှိ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း ပျိုးပင်ပေးအပ်ပွဲနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက် ၇ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာတွင် မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်သည်။

မချမ်းဘော့မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ထူးချွန်ကျောင်း သား/သူများနှင့် ဆရာ/မများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများနှင့် ထူးချွန်စွာအောင်မြင်နိုင်ရေး သင်ကြားပြသခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မချမ်းဘော့မြို့ ဂူဘားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to