ဖောင်းပြင်မြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် သန်း(၃၅၀)ဖြင့် ကျေးရွာချင်းဆက် လမ်းများ ကောင်းမွန်ရေး ဆောင်ရွက်မည်ဖြစ်

ဖောင်းပြင် ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု ()လဘတ်ဂျက် အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် သန်း(၃၅၀)ဖြင့် ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်စေရေးအတွက် လမ်းများအား မြေသား တာဘောင်တင်ခြင်း၊ ဂျင်းမြေခင်းခြင်း၊ တစ်ကြောင်း ထိုးလမ်းများ ဖောက်လုပ်ခြင်း၊ Box-Culvertများ တည်ဆောက်ခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနက တာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ဆောင်ရွက်သွားမည်ဖြစ်ရာ ပင်သာကျေးရွာနှင့် နောင်ဖလန်ကျေးရွာချင်းဆက် လမ်းမပေါ်၌ ကွန်ကရစ်တံတား အရှည်( ဒသမ )မီတာ၊ အကျယ်()မီတာအား ငွေကျပ်(၂၁)သန်းဖြင့် လည်းကောင်း၊ ပိုးစာကုန်းကျေးရွာနှင့် နောင်ရင်းကျေးရွာချင်းဆက် လမ်းမပေါ်၌ Box-Culver tတည်ဆောက်ခြင်းလုပ်ငန်းအရှည်( ဒသမ )မီတာ၊ အကျယ်( ဒသမ ၃၁)မီတာနှစ်စင်းနှင့် အရှည်( ဒသမ ၉၁)မီတာ၊ အကျယ် ( ဒသမ ၃၁)မီတာ Box-Culvert နှစ်စင်း၊ အောက်ခံမြေသားပြုပြင်ခြင်းနှင့် ဂျင်းမြေခင်းခြင်းလုပ်ငန်း လမ်းအရှည်( ဒသမ ၆၉)ကီလိုမိုင်၊ အကျယ်( ဒသမ ၄၉)မီတာအား ငွေကျပ်(၈၈)သန်းဖြင့် လည်းကောင်း၊ နန်တော်ကျေးရွာနှင့် စန္ဒားကျေးရွာချင်းဆက် လမ်းမပေါ်တွင် Box-Culvert တည်ဆောက်ခြင်း လုပ်ငန်း အရှည်( ဒသမ )မီတာ၊ အကျယ်( ဒသမ ၃၁)မီတာနှစ်စင်းနှင့် အရှည်(၀ဒသမ ၉၁)မီတာ၊ အကျယ် ( ဒသမ၃)မီတာ တစ်စင်းအား ငွေကျပ်(၁၉ ဒသမ ၅၀၀)သန်းဖြင့် လည်းကောင်း၊ ညောင်ကုန်းကျေးရွာ၊ ရွှေထီးကုန်းကျေးရွာနှင့် ကောင်းမောင်း ကျေးရွာချင်းဆက် လမ်းမပေါ်တွင် မြေသားတာဘောင် တင်ခြင်းနှင့် ဂျင်းမြေခင်းခြင်းလုပ်ငန်း လမ်းအရှည်( ဒသမ ၂၁၉)ကီလိုမိုင်၊ အကျယ်( ဒသမ ၅၉)မီတာအား ငွေကျပ်(၈၀)သန်းဖြင့် လည်းကောင်း၊ ကြာအင်းကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာချင်းဆက် လမ်းမပေါ်၌ မြေသား တာဘောင်တည်ခြင်းနှင့် ဂျင်းမြေခင်းခြင်းလုပ်ငန်းအား ငွေကျပ်(၅၀)သန်းဖြင့် လည်းကောင်း၊ အင်းကွေ့ကျေးရွာနှင့် ကုန်းကြီးကျေးရွာချင်းဆက်လမ်းအား တောင်ဖြိုခြင်း၊ မြေသားတာဘောင်တည်ခြင်း၊ ဂျင်းမြေခင်းခြင်းလုပ်ငန်း လမ်းအရှည်( ဒသမ ၆၀၄)ကီလိုမီတာ၊ အကျယ်( ဒသမ ၄၉)မီတာ အား ငွေကျပ်(၁၆ ဒသမ ၅၀၀)သန်းဖြင့် လည်းကောင်း၊ တွန်နိမ်ကျေးရွာနှင့် နားနောင်ကျေးရွာချင်းဆက် လမ်းအား ( ဒသမ ၁၄)မီတာအကျယ် တောင်ဖြို၊ မြေညှိခြင်းနှင့် တစ်ကြောင်းထိုးမြေသားလမ်းဖောက် လုပ်ခြင်းလုပ်ငန်း လမ်းအရှည်( ဒသမ ၀၅၆)ကီလိုမီတာ၊ အကျယ်( ဒသမ ၄၉)မီတာအား ငွေကျပ် (၇၅)သန်းဖြင့် လည်းကောင်း ကျေးရွာများတွင် လမ်းပမ်းဆက်သွယ်မှု ကောင်းမွန်ရေး ဆောင်ရွက်သွား မည်ဖြစ်သည်။

အဆိုပါ ကျေးရွာများ၌ ဆောင်ရွက်မည့် လုပ်ငန်းများအား အကောင်အထည်ဖော်နိုင်ရေး အတွက် လုပ်ငန်း အမျိုးအစားအလိုက် တင်ဒါခေါ်ယူလျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ဟန်နီထွန်းထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)