ကော့ကရိတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြီးကြပ်အကဲဖြတ်ခြင်းဆိုင်ရာ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြီးကြပ်အကဲဖြတ်ခြင်းဆိုင် ရာ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၁၀ နာရီ အချိန်က မကွေးမြို့ အ.ထ.က(၁)ကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အသီးသီးမှ ပညာရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ နှမ်းဖြူ ပေါ်ဦးပေါ်ဖျား ဆီကြိတ်ရောင်းချသူများ တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ဈေးဖြင့် ရောင်းချနေရ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်း(နှမ်းဖြူ) သီးနှံများ ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ဒေသခံတောင်သူများက ပေါ်ဦးပေါ်ဖျား နှမ်းဖြူများကို ဆီကြိတ်ရောင်းချရာ နှမ်းဖြူဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ဈေးဖြင့် ရောင်းချရသဖြင့် နှမ်းဖြူသီးနှံစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဒဲကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဆိတ်ချေးကုန်းကျေးရွာ တောင်သူ ဦးထွေးပု၏ လယ်မြေကွင်းအမှတ်-၃၆ ခ၊ ဦးပိုင် - ၃၃/၁၅ တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်‌ သုခချမ်းသာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၈.၃၇)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ သုခချမ်းသာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇွန်လ ၂၂ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၆ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးနည်းသရုပ်ပြ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ တိရစ္ဆာန်အစာပင် နေဗီယာစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ တောင်သူ ဦးယောဆက်၏ ယာမြေ(၀.၅)ဧက၌ ကျင်းပသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာ Community Centre ၌ “ဂီတ​နေ့” အခမ်းအနား ကျင်းပ

“မြန်မာ့ဂီတ​နေ့”ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာ Community Centre ၌ ယ​မန်နေ့ မွန်းလွဲ ၁ နာရီတွင် ဗဟန်းမြို့နယ် ဂီတအစည်းအရုံးက ကြီးမှူးကျင်းပ​သော" ဂီတ​နေ့"အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်မှ စပါးစိုက်တောင်သူများ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လုပ်ငန်းခွင်ဝင်ရောက်

မြို့သစ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၅၉၅၉၅)ကို လျာထားဆောင်ရွက်လျက်ရှိပြီး လက်ရှိစိုက်ပြီးဧက (၄၆၅၄)ဧကကျော် စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေးနှိုးဆော် ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ရပ်ကွက်များအတွင်းလှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
Subscribe to