ဘားအံခရိုင် Community Centre တွင် စာရေးဆရာ ကလောင်စုံရေးသားထားသော လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန( Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club  အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကလောင်စုံရေးသားထားသော “လူငယ်နှင့်ဘဝတန်ဖိုး” စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။             ရှေးဦးစွာ  ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး  ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဆုလာဘ်နွယ်က လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်တွင် ပါဝင်သည့် နယ်စည်းကလေးတော့သတ်ထားပါ၊ ငှက်ကြည့် စသည့် ခေါင်းစဉ်များ ဖြင့် ဆွေးနွေးပြောကြားပြီး၊  ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်နှင့်ဘဝတန်ဖိုးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ  စာဖတ်ဝိုင်းသို့ တက်ရောက် လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)