မိတ္ထီလာမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် တိရစာ္ဆန်အစာရှားပါးမှုပြဿနာများ လျော့နည်းစေရန်နှင့် ရောဂါဒဏ်ခံနိုင်ပြီး ကျန်းမာရေးပိုမိုကောင်းမွန်စေရန်မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာ(ပတ်ချောင်)မြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ဆည်ရွာကျေးရွာရှိ တောင်သူဦးစိန်မောင်၏ လယ်စိုက်ဧကတစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး​​ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ည​နေ ၃နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားကွင်းတွင်ကျင်းပရာ အားကစားသမားများ​နေရာယူပြီး အဖွဲ့​ခေါင်း​ဆောင်မှ အားကစားသစ္စာဓိဌာန်ရွက်​ဆိုပြီး၊ ပါ​မောက္ခချုပ်အား အ​လေး​ပြုခဲ့ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီးစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ 

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များလှည့်လည်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက်၊ ရတနာပုဲ(၁)လမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့်

နောင်ချိုမြို့နယ် အမှတ်-၂အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း၌    လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ယနေ့ နံနက် ၁၁ နာရီအချိန်က

ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ယမန်နေ့ ညနေ ၅ နာရီတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

မြဝတီမြို့၌ ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ရေဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေး နေရာချထားရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို   စနစ် တကျ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲက ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၁)ရပ်ကွက်ရှိ သောင်ရင်းမြစ်ကမ်းဘေးတွင် ကျင်းပပြုလုပ်သည်။

သထုံမြို့၌ အလုပ်ခွင်၌ထိခိုက်မှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းနှင့် နာရေးစရိတ်ထုတ်ပေးခြင်း အခမ်းအနားပြုလုပ်

အလုပ်သမားဝန်ကြီးဌာန၊ သထုံခရိုင်လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်၌ထိခိုက်မှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းနှင့် နာရေးစရိတ်ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့၊ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စထာပနာကုမ္ပဏီ၌ ကျင်းပပြုလုပ်သည်။

နတ်​မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် မိုးနှမ်း (၁၀) ဧက စံပြကွက် အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် မိုးနှမ်း (၁၀) ဧက စံပြကွက် စိုက်ပျိုးပြီး မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ် ဇောတိကရေတံခါး တည်ဆောက်ပြီးစီးမှုကြောင့် အနီးပတ်၀န်းကျင် ကျေးရွာများရှိ လယ်မြေများ ရေကြီးနစ်မြုပ်မှုမှကာကွယ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဇောတိကကျေးရွာအနီးရှိ ဇောတိကရေတံခါး တည်ဆောက်ပြီးစီးမှုကြောင့် ကျေးရွာနေဒေသခံပြည်သူများ၏ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to