စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ စာရေးဆရာမတင်တင်၀င်း (စာပေဗိမာန်)၏ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးရေး စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန Community   Centre ခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇေယျာသီရိမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်ရန်ပုံငွေစတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့က စည်ပင်ကြီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင် ဦးဇော်မင်းခိုင်၏ နေအိမ်၌ ယမန်နေ့ကထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ယမန်နေ့မွန်းလွဲ (၁၃)နာရီအချိန်က ဆင်ဖြူအင်း၊ ပန်းဦးတောင်ရွာမှနေအိမ်များနှင့် စာသင်ကျောင်းသို့ကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေး ခပ်ခြင်းလုပ်ငန်းများနှင့်  fogging ဆေးမှုတ်ခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

သပိတ်ကျင်းမြို့ ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းရပ်ရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့နေ့လယ်ပိုင်းက ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်(က)ရပ်ကွက်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်(က)ရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြည့်ဆည်းဆောင် ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ယနေ့မွန်းလွဲ(၁)နာရီအချိန်က လောင်းလုံးမြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

တပ်ကုန်း​မြို့၌ ကိုယ်ကာယကျန်းမာရေးအထောက်အကူပြု အေရိုးဗစ်သရုပ်ပြဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အေရိုးဗစ်တတ်သိသည့် ကျောင်းသူများနှင့် ပူးပေါင်း၍ အေရိုးဗစ်သရုပ်ပြအကအစီအစဉ်ကို ဇွန် ၂၈ရက် မွန်းတည့် ၁၂နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရွှေကျင်မြို့နယ်တွင် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်း (အ-ထ-က) ရွှေကျင်ကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပထမနှစ် သင်တန်းကို တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က အဆိုပါကျောင်း နှစ်ထပ်ကျောင်းဆောင် အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုးသင့်အခြေခံ စားသောက်ကုန်များ ရောင်းချပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက် ကုန်များအား ဈေးနှုန်းသင့်တင်စွာ လာရောက်ရောင်းချပေးခဲ့သည်။

ကျောက်တန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးငယ်များ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုခြင်းနှင့် ဂိမ်းကစားခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များ လာရောက် ငှားရမ်းဖတ်ရှုပြီး ဂိမ်းကစာခြင်းများ ပြုလုပ်လျက်ရှိသည်။
Subscribe to