ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကဝ ဒီဇင်ဘာ ၃၁
 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   စာပေချစ်မြတ်နိုးသူအဖွဲ့ (Book Club )တို့  ပူးပေါင်း၍  စာရေးဆရာ အောင်သင်း၏   “ရည်မှန်းချက်နှင့်  ပြဿနာအထွေထွေ” စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ  ကဝမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ် သန်းသန်းဝင်းက စာဖတ်ဝိုင်း  ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားပြီး  စာပေချစ်မြတ်နိုးသူအဖွဲ့ (Book Club )အဖွဲ့ဝင်ဒေါ်မျိုးသန္တာထွန်း က“အမေးအဖြေ” ခေါင်းစဉ် ဖြင့် ဦးဆောင်ဆွေးနွေး ကာတက်ရောက်လာသော စာပေဝါသနာရှင်များကလည်း သိလိုသည် များကိုဆွေးနွေးမေးမြန်းခဲ့ကြောင်း  သိရသည်။

 

မြို့နယ်( ပြန်/ဆက်)