ညောင်ဦးမြို့နယ်တွင် နွေစပါး ၂၅၉ ဧကစိုက်ပျိုးခဲ့ပြီး (၀.၁၀)ဧက စံပြကွက်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါး၂၅၉ ဧကစိုက်ပျိုးနိုင်ခဲ့ရာ နွေစပါးရိတ်သိမ်းချိန်ရောက်ရှိသဖြင့် (၀.၁၀)ဧကစံပြ ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈နာရီခွဲအချိန်က လက်ပံခြေပေါ်မြစ်ရေတင်၊ လက်ပံခြေပေါ်အုပ်စု၊ ကွင်းအမှတ် (၁၃၂၅)ရှိ တောင်သူဦးဝင်းစိန်၏ လယ်မြေ ၁.၀၀ ဧကတွင် စံပြကွက်ရိတ်သိမ်း ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေပြည်သာမြို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ၂၆၆၆၀၀ ဦး ထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ (၂၆၆၆၀၀)ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲတို့၏ စီစဉ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀း၀၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ မန္တလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးတက္ကသိုလ် ကျောင်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပကြောင်းသိရသည်။

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့သောက်သုံးရေများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော စံပြကျေးရွာနှင့် သပြေကံတဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုးတော်ဆောင်များထံက သိရသည်။

နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) ထပ်ဆောင်း Booster Dose ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (၂) ကြိမ်ထိုးနှံပြီးသူများနှင့် Covaxin (၂) ကြိမ်ထိုးနှံထားပြီး ၃ လနှင့် အထက်ရှိသူများအား အပိုဆောင်း ကာကွယ်ဆေး (Covid Shield) ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များအလိုက် ယနေ့ နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်/ဆက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to