ကသာ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် ဘတ်စကတ်ဘောပြိုင်ပွဲကို ဒီဇင်ဘာလ (၂၉)ရက်နေ့မှ စတင်၍ ကသာမြို့ရှိ ဧရာရွှေလီအားကစားခန်းမတွင် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်ခွဲ၍ ယှဉ်ပြိုင်ကစားလျက်ရှိသည်။
အဆိုပါပြိုင်ပွဲကို ကသာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် ဒီဇင်ဘာလ(၂၉) ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး အကြီးတန်းပြိုင်ပွဲတွင် အသင်း (၅)သင်းနှင့် အငယ်တန်းပြိုင်ပွဲတွင် အသင်း(၄)သင်းဖြင့် ယှဉ်ပြိုင်ကစားကာ ယင်းပြိုင်ပွဲမှ ဆုရရှိသည့် အသင်းများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများကို အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကသာမြို့တွင် ကသာခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။