ပြင်ဉီးလွင် ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ( ၁၀:၀၀ ) နာရီက ရပ်ကွက်ကြီး ( ၅) ခုရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးကြသည်။
ရှေးဉီးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးကျော်ကျော်ထွန်း မှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူများမှ ပြင်ဉီးလွင်မြို့သည် မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော်ဖြစ်သဖြင့် အောင်မြင်ဖြစ်ထွန်းနေတဲ့ အသီး၊ ကော်ဖီနှင့် အရည်အသွေးကောင်းမွန်သည့် ဒေသထွက်ကုန်များကို ခရီးသွားပုဂ္ဂိုလ်များအား ရောင်းချပြသနိုင်ရေး၊ ခေတ်မီစက်ပစ္စည်းများ ထည့်သွင်းအသုံးပြုနိုင်ရေး၊ စိုက်ပျိုးမြေဧက ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်ကောင်းများ ရရှိနိုင်ရေး၊ အရည်အသွေး ကောင်းမွန်သည့် ပစ္စည်းများ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာ ဆင့်ပွားသင်တန်းများ သင်ကြားပေးနိုင်ရေး စသည့်တို့ကို ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက် လုပ်ငန်းရှင်များ၏ တင်ပြဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများ က သိရှိလိုသည်များနှင့် လိုအပ်သည်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးကျော်ကျော်ထွန်းမှ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပေါင်းစပ်ပြီး ပြင်ဉီးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။