၂၀၂၁ ခုနှစ်၊ ပုဂံဒေသ၏ နောက်ဆုံးနေဝင်ချိန် နေဝင်ဆည်းဆာ ကြည့်ရှုရန် နေဝင်ဆည်းဆာကြည့် တောင်ကုန်းများတွင် ကြိတ်ကြိတ်တိုး စည်ကားနေ
နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်းပြည်ပ ခရီးသွားများနှင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်ဘုရားပုထိုများ၊ သမိုင်းဝင်သာသနိကအဆောက်အအုံးများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူ များပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပုဂံနေဝင်ဆည်းဆာ ကြည့်ရှုသူများ တိုးမပေါက်အောင် များပြားနေကြောင်း သိရသည်။