နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) ထပ်ဆောင်း Booster Dose ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (၂) ကြိမ်ထိုးနှံပြီးသူများနှင့် Covaxin (၂) ကြိမ်ထိုးနှံထားပြီး ၃ လနှင့် အထက်ရှိသူများအား အပိုဆောင်း ကာကွယ်ဆေး (Covid Shield) ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များအလိုက် ယနေ့ နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်/ဆက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။

ရေးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁၃၈)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း ကော်မတီဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စည့်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် (VDP) စီမံကိန်း အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် (၉) နာရီက သိန္နီကုန်းကျေးရွာအုပ်စု၊ ပုဏ္ဍားရွာကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွံ​တေးမြို့နယ်အတွင်းရှိ ကျောင်း (၂၁၅) ကျောင်းရှိ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား/ကျောင်းသူ (၁၉၅၂၃)ဦးအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီးကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ တွံ​တေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများတွင်

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး‌ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ကာကွယ်‌ဆေး ဆက်လက်ထိုးနှံ

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက် ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ကိုယ်ပိုင်ကျောင်းနှင့် သတ်မှတ်ဆေးထိုး စုရပ်ဖြစ်သည့် အမှတ်(၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရန် ထပ်ဆောင်းကာကွယ်ဆေး Booster dose မထိုးနှံရ သေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၂)သင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကျောင်းထိုင်ဘုန်းကြီးသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
Subscribe to