မုံရွာ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် ဝန်ထမ်းများ သည် ဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေဖြန့်ချိသည့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မုံရွာမြို့ အမှတ်(၃)က၊ အခြေခံပညာအထက်တန်းကျောင်းရှိဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူလေးများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စောင်ရေ ၂ သိန်းတိတိကို သက်ဆိုင်ရာမြို့နယ်များ၊ မြို့များအလိုက် အခမဲ့ဖြန့်ဝေနိုင်ရန် ထုတ်ဝေပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လက်ကမ်းစာစောင်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်၊ ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း များစသည့် အကြောင်းအရာများပါဝင်ကာ ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား လွတ်လပ်ရေးနေ့ကို မမေ့လျော့စေရန်နှင့် လွတ်လပ်ရေးအမွေကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း၊ မုံရွာခရိုင် မုံရွာမြို့အနေဖြင့် လက်ကမ်းစာစောင် ၆၅ဝ စောင်ကိုအခမဲ့ဖြန့် ဝေပေးသွားမည်ဖြစ်ပြီးကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)