မိုင်းဖြတ်မြို့နယ်၌ တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်း ပိုက်လိုင်းသွယ်တန်းခြင်းအား ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ်  ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တိုးချဲ့ရေဖြန့်ဝေရေး လုပ်ငန်းအတွက် ရေပိုက်သွယ်တန်းခြင်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်နှင့် တာဝန်ရှိသူများက   တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းကို တင်ဒါအောင်မြင်ခဲ့သည့် တော်ဝင်မိုင်းဖြတ်နဂါး ကုမ္ပဏီမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာ ရေးနှစ်၊ ဒုတိယ ၃လပတ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ငွေကျပ်(၁၀)သန်းဖြင့် ၄လက်မပိုက်၊ ရေပိုက် သွယ်တန်းအရှည် (၃၅၀၀)ပေ အတိုင်းအတာရှိ လုပ်ငန်းဖြစ်ပြီး ယခင်က(နမ့်ဆန်) မြို့ရေဖြန့် ဝေရေးလုပ်းငန်းတွင် ရေတိုင် (၉၀)ရှိပြီး ယခုဆောင်ရွက်သည့်လုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ရေတိုင်(၆၀) ခန့် တိုးမြှင့်ဖြန့်ဝေးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး