သံတောင်ကြီးမြို့နယ် ငွေတောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထိရောက်အောင်မြင်စေရန်၊ ကျေးရွာလူထုကိုစည်းရုံးလှုံ့ဆော်စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီးကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ ငွေတောင်ကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် ဇီးဖြူသောင်ကျေးရွာ၌ မိုးစပါးကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဇီးဖြူသောင်ကျေးရွာ၌ တောင်သူ ဦးမင်းယုချို၏ ကွင်းအမှတ် (၃၈၆/ခ) လယ်မြေတွင် ကောက်စိုက်စက်ဖြင့်တောင်သူများ လက်တွေ့သရုပ်ပြမောင်းနှင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် ဇီးဖြူသောင်ကျေးရွာ၌ မိုးစပါးကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဇီးဖြူသောင်ကျေးရွာ၌ တောင်သူ ဦးမင်းယုချို၏ ကွင်းအမှတ် (၃၈၆/ခ) လယ်မြေတွင် ကောက်စိုက်စက်ဖြင့်တောင်သူများ လက်တွေ့သရုပ်ပြမောင်းနှင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် တိရစာ္ဆန်အစာရှားပါးမှုပြဿနာများ လျော့နည်းစေရန်နှင့် ရောဂါဒဏ်ခံနိုင်ပြီး ကျန်းမာရေးပိုမိုကောင်းမွန်စေရန်မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာ(ပတ်ချောင်)မြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ဆည်ရွာကျေးရွာရှိ တောင်သူဦးစိန်မောင်၏ လယ်စိုက်ဧကတစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး​​ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ည​နေ ၃နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားကွင်းတွင်ကျင်းပရာ အားကစားသမားများ​နေရာယူပြီး အဖွဲ့​ခေါင်း​ဆောင်မှ အားကစားသစ္စာဓိဌာန်ရွက်​ဆိုပြီး၊ ပါ​မောက္ခချုပ်အား အ​လေး​ပြုခဲ့ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီးစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ 

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များလှည့်လည်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက်၊ ရတနာပုဲ(၁)လမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့်
Subscribe to