ဗန်းမောက်မြို့အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာ ကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ဗန်းမောက် ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ()ရက်နေ့တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ဗန်းမောက်မြို့အခြေခံပညာအထက်တန်း ကျောင်း ဇလွန်ဆောင်ကျောင်းခန်းမတွင် ကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိင်းပွဲများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် လွတ်လပ်ရေးအောင်ပွဲတို့ဆင်နွှဲ ခေါင်းစဉ် ဖြင့် လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် လွတ်လပ်ရေးအမွေအဓွန့်ရှည်၊ အစဉ်ထိန်းသိမ်းရမည် ကျွန်ုပ်တို့နိုင်ငံ၏ လွတ်လပ်ရေးနှင့် လွတ်လပ်ရေးမဏ္ဏိုင် ခေါင်းစဉ်များအား မဲစနစ်ဖြင့်ကျရာ ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်း သူမျာအား(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား၌ဆုများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)