ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ် သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား(၉၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

ဖြူးမြို့နယ်၌ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို

ပိုင်ကျုံမြို့၌ အသက်၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ခြင်းနှင့် ဆေးတိုက်‌ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အသက် ၂နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းရောဂါကူးစက်မှုမှ  ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက် ကျွေးခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက်(၉) နာရီ အချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community  Centreခန်းမတွင်  Book  Club/ Youth Clubများက စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ၊လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club  အဖွဲ့ဝင်များက ၂၀၂၂ခုနှစ်၊ ဧပြီလထုတ်သုတအလင်းမဂ္ဂဇင်းစာအုပ်အား ယနေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

မကွေးခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် နတ်မောက်မြို့နယ်မှ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် နတ်မောက်မြို့နယ်မှ ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။

လူထုအခြေပြုဗဟိုဌာန‌ (ကော့မှူး) ၌ စာဖတ်ဝိုင်း ကျင်းပ

ကျောင်းသား / ကျောင်းသူများ ကျောင်းစာအပြင်ပြင်ပ ဗဟုသုတရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုစေရေးနှင့် အသိပညာ‌များတိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to