မိုင်းရှူး ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ဝမ်ကန်-နမ့်ဆတ်- ဟိုဆိုင်ကျေးရွာ ချင်း ဆက်မြေသားလမ်း(၃/၀)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို မြို့နယ်အဆင့်တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ မြေသားလမ်း (၃/၀) မိုင်ဖောက်လုပ်ခြင်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံ ငွေ(၁၂၁.၁၀၀) သန်းဖြင့် ၇.၁၂. ၂၀၂၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး၂၈.၂.၂၀၂၂ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုဖောက်လုပ်လျက်ရှိသည့် ဝမ်ကန်-နမ့်ဆတ်-ဟိုဆိုင်ကျေးရွာချင်းဆက် မြေသားလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၁၄.၃၄၅)သန်းဖြင့် မြေသား လမ်း(၃/ဝ)မိုင်၊ ကျပ် (၂၆.၅၅) သန်းဖြင့်(၁၂)ပေကွန်ကရစ် တံတား(၁)စင်းနှင့် (၅)ပေ Box Culvert (၂)စင်းကိုလည်း ကောင်း၊၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၁၅.၄) သန်းဖြင့် မြေသားလမ်း(၃/၀) မိုင်ကိုလည်းကောင်း ဖောက်လုပ်ခဲ့ပြီးဖြစ်ရာ ယခုဘဏ္ဍာရေးနှစ်တွင် Ruby Sun Moon Co.,Ltd မှတာဝန်ယူ ဖောက်လုပ်သည့်(၃/၀)မိုင် ပြီးစီးပါကဝမ်ကန်- နမ့်ဆတ်-ဟိုဆိုင်ကျေးရွာချင်း ဆက်မြေသားလမ်းအရှည် သည်(၉/၀)မိုင်ရှိမည်ဖြစ်ကြောင်း သိရသည်။
ဝမ်ကန်-နမ့်ဆတ်-ဟိုဆိုင် ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ပြီးစီးပါက နမ့်ဆတ်ကျေးရွာအုပ်စု၊ ဟိုဆိုင်ကျေးရွာအုပ်စုအပြင် ၎င်းလမ်းနှင့် တစ်ဆက်တည်းဖြစ်သော ဟွေဟေးအုပ်စုမှတဆင့် မိုင်းစံမြို့သို့ လမ်းခရီးပေါက်မည်ဖြစ်ပြီး ကျေးရွာအုပ်စု(၃)အုပ်စု၊ ကျေးရွာ(၁၆) ရွာ၊ အိမ်ခြေ(၄၆၂၉)အိမ်၊ အိမ်ထောင်စု(၄၅၈၁)စု၊ လူဦးရေ(၁၈၀၂၁)ဦးတို့ အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)