ကျောက်ဖြူခရိုင် (Community Centre) ခန်းမ၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်း တာဝန်များအား သိရှိနားလည်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ်အမြင်သစ်များအား မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ညနေ ၃ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။