သာပေါင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စုတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇွန်လ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကျွန်းကုန်းကျေးရွာအုပ်စုတွင် သွေးလွန် တုပ်ကွေးဖြစ်ပွားခြင်း ခိုလှုံပေါက် ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေး ခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း များဆောင် ရွက်ခဲ့ကြသည်။