ကဝမြို့နယ် သပြုကျေးရွာ၌ ငါးသယံဇာတ ထိန်းသိမ်းရေး သင်တန်းဖွင့်လှစ်

ကဝ ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် သပြုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌  ငါးလုပ်ငန်း ဦးစီးဌာနက ငါးသယံဇာတ ထိန်းသိမ်းရေး သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးလုပ်ငန်းများ ရေရှည်စဥ်ဆက်မပြတ် ပိုမိုတိုးတက်လာစေရန်၊ ငါးရိက္ခာ ဖူလုံစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်၊ ရေလုပ်သားများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍  သင်တန်းဖွင့်လှစ်ရကြောင်း ဌာနခွဲစာရေးကြီး ဦးထွန်းလင်းက ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယလက်ထောက် ဦးစီးမှူး ဦးထက်ကျော်လင်းနှင့် ဌာနခွဲစာရေးကြီး ဦးထွန်းလင်းတို့က သင်တန်းပို့ချရာ  သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ တစ်ရက်တာဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)