ဆီဆိုင် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ထောပတ်သီးနှံ ယမန်နေ့ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်က ထောပတ်သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) နည်းပညာပေး သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်မြေ အသုံးချတာဝန်ခံ ဦးအောင်ဇော်မိုးမှ ထောပတ်သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)နှင့်ပတ်သက်၍ လည်းကောင်း၊ ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ စနစ်တကျ မြေနမူနာယူနည်းအားလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးချိုချိုစိုးမှ မြန်မာ (GAP) အသိအမှတ်ပြုလက်မှတ်ရရှိရေး ဆောင်ရွက်ပုံအဆင့်ဆင့်အားလည်းကောင်း၊ ပြည်နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဝါဝါရွှေမှ ထောပတ်သီးနှံ အင်းဆက်ဖျက်ပိုးနှင့်ရောဂါ ကာကွယ် နှိမ်နင်းနည်းများအားလည်းကောင်း၊ ပြည်နယ် မျိုးစေ့တာဝန်ခံ ဒေါ်တင်တင်မိုးမှ နေကြာ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက ထောပတ်သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)နည်းပညာပေးသင်တန်းဆင်းလက်မှတ်များအား တက်ရောက်လာကြသည့် တောင်သူများထံသို့ ပေးအပ်ပြီး တောင်သူများ၏ကိုယ်စား Hi Avocado Co.,Ltd တာဝန်ရှိသူ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကျေးရွာများမှ တောင်သူ ၅၀ ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)