ရပ်စောက်မြို့နယ် လွယ်ကိုးကျေးရွာအုပ်စု၌ နယ်လှည့်ဆေးကုသမှုပေးခြင်းနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရပ်စောက် ဩဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် နာရီက ပါပန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှ အမှတ်()တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ကျေးရွာနေပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးခြင်း၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဌာနအလိုက် သက်ဆိုင်သည့်လုပ်ငန်းများဆောင်ရွက်ပေးကြရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှူးဗိုလ်ချုပ်ကျော်စွာဦး၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကျေးရွာတာဝန်ရှိသူများက မိမိတို့ကျေးရွာအတွင်းရှိ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)