လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေး

လှိုင်းဘွဲ ဩဂုတ် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ/ရသ စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကလေးများစိတ်ဝင်စာမည့် ရုပ်ပြစာအုပ်များကို လှည့်လည်ငှားရမ်းပေးခဲ့ပြီး Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများတွင် လှည့်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ (ပြန်/ဆက်)