နယ်စပ်ရေးရာဝန်ကြီးဌာနက မိုင်းဖြတ်မြို့နယ်၊ ဝမ်​ဟွေဘုန်း​တော်ကြီး​ကျောင်းသို့ ဆွမ်းဆန်၊ ဆီနှင့်ပဲများဆက်ကပ်လှူဒါန်း

မိုင်းဖြတ် သြဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝမ်​ဟွေဘုန်း​တော်ကြီး​ကျောင်းသို့ ဆွမ်းဆန်၊ ဆီနှင့် ကုလာပဲများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် နံနက်၉နာရီအချိန်က ဆက်ကပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ဝမ်​ဟွေဘုန်း​တော်ကြီး​ကျောင်း ​ကျောင်းထိုင်ဆရာ​တော် ဘဒ္ဒန္တပညာဝဏ္ဏထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ​အောင်၊ မြို့နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆန်းညွှန့်ဆွေနှင့် ဝန်ထမ်းများ၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦး​ကျော်မင်းသူနှင့်တာဝန်ရှိသူများက ဆန် ၂၄ ပြည်ပါ ၄အိတ်၊ စားဆီ ၅ပိသာ၊ ကုလားပဲ ၅ပိသာတို့ကို ဆက်ကပ်လှူဒါန်းခဲ့​သည်။

ထိုသို့ ဘုန်း​တော်ကြီး​ကျောင်းများသို့ ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအ​နေဖြင့် ဝါတွင်းကာလအတွင်း ဝါဆိုသံဃာ​တော်များ ဆွမ်းအခက်အခဲမရှိ​စေ​ရေး၊ ကိုဗစ်ကာလကြိုတင်ကာကွယ်​​ရေးလုပ်ငန်းများ ​ဆောင်ရွက်စဉ် စား​သောက်ကုန်များ အခက်အခဲမရှိ​စေ​ရေး စသည့်ရည်ရွယ်ချက်များဖြင့် ဆက်ကပ်လှူဒါန်းခြင်း ဖြစ်​ကြောင်း သိရသည်။

သန်းထွန်း​အေး