လဲချား သြဂုတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးတို့မှ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရန်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့၏ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)