မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်နှင့်အောက် ရပ်ကွက်နှင့် တိုက်နယ်ပေါင်းစုံ မိုးရာသီ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မအူပင် ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်နှင့်အောက် ရပ်ကွက်နှင့် တိုက်နယ်ပေါင်းစုံ မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက မအူပင်ခရိုင် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပသည်။

အဆိုပါ‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် လေးအိမ်စုတိုက်နယ် ဘောလုံးအသင်းနှင့် ညွန့်ပေါင်း(၃) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမပိုင်းအပြီးတွင် လေးအိမ်စုတိုက်နယ် ဘောလုံးအသင်းမှ (၂)ဂိုး (၀)ဖြင့် ဦးဆောင်လျက်ရှိပြီး ဒုတိယပိုင်း(၄၅)မိနစ်အား အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ‌လေးအိမ်စု တိုက်နယ်ဘောလုံး အသင်းက (၃)ဂိုး ညွန့်ပေါင်း(၃)တိုက်နယ်ဘောလုံး အသင်းမှ (၁)ဂိုးဖြင့် ပထမဆု ဆုဖလားအားရရှိခဲ့သည်။

၎င်းနောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် လေးအိမ်စုတိုက်နယ်ဘောလုံးအသင်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ  ဆုဖလားနှင့်ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး တစ်ဦးချင်းအကောင်းဆုံး ဆုများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)