မိုင်းနောင် သြဂုတ်၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် စာပေချစ်သူအသင်းဝင်များ စုပေါင်း၍ ယမန်နေ့၊ မွန်းလွှဲ(၁)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်နန်းမီးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြီး ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ယခုကဲ့သို့ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများမှ စာဖတ်ရှိန်များတိုးတက်ကာ စာပေချစ်မြတ်နိုးသူများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းပြောကြား၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသော စာပေချစ်သူအသင်းဝင်များက စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ ယနေ့လူငယ်များ ပိုင်ဆိုင်ရမည့်သော့တစ်ချောင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယခုစာဖတ်ဝိုင်းကို စာပေချစ်သူအသင်းဝင်(၆)ဦးတို့က ကျောင်းစာနှင့်အပြင်စာ၊ ဆရာတပည့် အပေးအယူ၊ ယနေ့လူငယ်များပိုင်ဆိုင်ရမည့် သော့တစ်ချောင်း၊ ဆီမီးတိုင်ရှင် စာပေသမား တပည့်များခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)