ဖား​ဆောင်းမြို့နယ်၌ လူမှုအားမာန်အဖွဲ့ တိုးချဲ့ဖွဲ့စည်း​ရေး အသိပညာ​ပေးသင်တန်းဖွင့်

ဖား​ဆောင်း သြဂုတ် ၂၉

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ဖား​ဆောင်း​ကျေးရွာအုပ်စု၊ စုစည်း​ကျေးရွာတွင် လူမှုအားမာန်အဖွဲ့ တိုးချဲ့ဖွဲ့စည်း​ရေး အသိပညာ​ပေးသင်တန်းကို ယ​မန်​နေ့က အဆိုပါ​ ကျေးရွာဘုရား​ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးက ​ကျေးရွာလူမှုအားမာန်အဖွဲ့သည် အဓိကအားဖြင့် သက်ကြီးကိုယ်တိုင်ဦး​ဆောင်၍ ထိခိုက်လွယ်​သော အုပ်စုဖြစ်သည့် မသန်စွမ်းသူများနှင့် အခြား​သောအုပ်စုများအား တက်ကြွစွာပူး​ပေါင်းပါ​ဝင်​သောအဖွဲ့ပုံစံဖြစ်​​​သော​ကြောင့် အဖွဲ့အ​နေဖြင့်မိမိအဖွဲ့၏ အကျိုး၊ပြည်သူများ၏အကျိုးကို ကြိုးပမ်း​စေတနာထား၍ ​ဆောင်ရွက်ကြ​စေလို​ကြောင်း​ပြောကြားပြီး၊​ ဘောလခဲခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ၊ ဦးစီးအရာရှိ ​ဒေါ်သန္တာမြင့်က လူမှုအားမာန်အဖွဲ့ ဖွဲ့စည်းခြင်းဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ခွင့်ရလာ​စေရန်၊ ထိခိုက်လွယ်မိသားစုများအား ကူညီ​စောင့်​ရှောက်သင့်သည်ဟူ​သော အသိရှိလာ​စေရန်၊ ကိုယ်ပိုင်ရန်ပုံ​ငွေ ထူထောင်လာနိုင်​စေရန်၊ ရန်ပုံ​ငွေတိုးပွား​​​အောင်​ လုပ်​​ဆောင်ရမည့်နည်းလမ်းကို ရှာ​ဖွေလာတတ်​စေရန်၊ လူမှုကာကွယ်​​စောင့်​ရှောက်​ရေး လုပ်ငန်းများအကျိုး​ကျေးဇူးကို လူထုသိရှိလာ​စေရန်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းရခြင်းဖြစ်​ကြောင်း၊ စုစည်း​ကျေးရွာ လူမှုအားမာန်အဖွဲ့အား အဖွဲ့ဝင် (၁၈) ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်​​ကြောင်း၊ အဖွဲ့ဝင်များအ​နေဖြင့် ​ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား နားလည်သ​ဘော​ပေါက်​စေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး၊​ ဘောလခဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်တာဝန်ခံဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ရပ်ကွက်​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးများ၊ သင်တန်းသား၊ သူများတက်​ရောက်ခဲ့​​ကြောင်းနှင့် သင်တန်းကာလမှာ(၁)ရက်ဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)