ညောင်တုန်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှုလျှော့ချရေး အသိ ပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီပင်သာယာရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စီပင်သာရေးကော်မတီနှင့် ဈေးကော်မတီမှ တာဝန်ရှိသူများက ပလတ်စတစ်အန္တရာယ်နှင့် ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်ဆိုင်ရာပြသနာများ စသည့် အကြောင်းအရာ များကို အသိပညာပေး ပြောကြား၍ ပလတ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေးအတွက် ပလတ်စတစ်အိတ် အစား ပျက်စီးလွယ်သော အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများဖြင့် အစားထိုးသုံးစွဲရေး အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)