ရေကြည် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့ ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က (အ.မ.က) ပိတောက်ချောင်ပိုင်းကျောင်းဝန်းအတွင်း၌ လူငယ် ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ် မိုးစီစီအောင် က "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က "လူငယ်နှင့် အစားအသောက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက "လူငယ်နှင့် ခေါင်းဆောင်မှု" ခေါင်းစဉ်နှင့် အားကစားအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီး အားကစားအထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းကာ ကိုယ်လက်လှုပ်ရှား ကိုယ်လက်လေ့ကျင်ခန်းများကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အသိပညာပေး နံရံကပ်ဓာတ်ပုံ များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)