သိန္နီမြို၌ သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HVP)ဒုတိယအကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်

သိန္နီ သြဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HVP) ဒုတိယအကြိမ်မြောက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်မိုးအောင်၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်ပြီး ၂၀၂၀ ခုတွင် အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး(HVP)ကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ကျန်းမာပျော်ရွှင်သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် ကျန်းမားရေးဝန်ကြီးဌာနက အမျိုးသမီးငယ်များအား ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်တွင် ပထမအကြိမ် သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HVP) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် သားအိမ်ခေါင်းရောဂါကာကွယ်ဆေး(HVP) ထိုးနှံပေးခဲ့ရာ ယနေ့တွင်အမျိုးသမီးငယ် (၅၄)ဦး ထိုးနှံပေးခဲ့ကြောင်း မိခင်ကလေးကျန်းမာရေး ဆရာမဒေါ်ခိုင်ခိုင်ဝင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)