ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်၀င်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယနေ့နံနက် ၉နာရီက ၁၂နာရီထိ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး စောပိုင်၊ အဖွဲ့ဝင်(၂) ဦးမြင့်အေး၊ အတွင်းရေးမှူး ယာယီရဲမှူး မင်းခိုင်တို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေးဝန်ထမ်း (၈)ဦးမှ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ် ကွက်၊ ဦးဝိစာရရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြသည်။