ငပုတောမြို့၌ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်များ ရောင်းချပေး

ငပုတော သြဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဆန်များဝယ်ယူနိုင်ရေးအတွက် မနောသုခ၊ သီးထပ်ရင်၊ ဆန်တစ်ပြည်လျှင် (၁,၅၀၀)ကျပ်နှုန်းနှင့် သြဂုတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် စတင်ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူနှင့် အဖွဲ့ဝင်များ ၊မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ တာဝန်ခံဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆန်စက်လုပ်ငန်းရှင်များမှ ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူနိုင်ရေးအတွက် နေ့ရက်အလိုက် ရောင်ချပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)