မိုးကောင်းမြို့၌ ကားမိုင်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်း(၁,၂၉၁)သိန်းကျော် ထုတ်ချေးပေး

မိုးကောင်း ဩဂုတ် ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကားမိုင်းကျေးရွာအုပ်စု တောင်သူလယ်သမား(၉၃)ဦးအား ဩဂုတ်(၂၉)ရက် နံနက်(၁၀)နာရီတွင် အဆိုပါဌာန၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း (၁,၂၉၁)ကျော် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ချေးပေးရာတွင် ကာမိုင်းကျေးရွာအုပ်စုမှ တောင်သူများအား တွေ့ဆုံကာ ၂၀၂၂ မိုးထုတ်ချေးရေးကို မြို့နယ်မန်နေဂျာမှ ဆွေးနွေးပြောကြားခဲ့သည်။

မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် မိုးကောင်း၊ ဖားကန့်နှင့် တနိုင်းမြို့နယ်ရှိ ၂၀၂၀ နှင့် ၂၀၂၁ မိုး (စိုက်ပျိုးစရိတ်ချေးငွေ) ကြွေးကျေသူတောင်သူ လယ်သမားများအတွက် ချေးငွေ ကျပ်(၃၄,၇၄၉)သိန်း ထုတ်ချေးရန်လျာထားပြီး ၂၀၂၂ ခုနှစ်မေလမှ စတင်ထုတ်ချေးခဲ့ရာ ယနေ့အချိန်ထိ  မိုးကောင်းမြို့နယ်ရှ ိကျေးရွာ(၃၆)ရွာရှိ တောင်သူ(၂,၃၃၇)ဦးအတွက် ချေးငွေကျပ် (၂၆,၆၉၄)သိန်းကိုလည်းကောင်း၊ ဖားကန့်မြို့နယ် ကျေးရွာ(၁၀)ရွာရှိ တောင်သူ(၂၅၅)ဦးအတွက် ချေးငွေကျပ်(၃,၁၅၆)သိန်းကို လည်းကောင်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

ကျန်ကျေးရွာအုပ်စုများကို စက်တင်ဘာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)