အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ချမ်းမြသာစည် ဩဂုတ် ၂၉

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၄×၄၅ လမ်းကြား၊ မနော်ဟယ်ရီလမ်း(၁၁၀)လမ်းပေါ် ၅၄ လမ်းစျေးအနီး ယမန်နေ့နံနက် ၆ နာရီ၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန် များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရောင်းချပေးခြင်းတွင် အမှတ်(၁၂၁)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှဦးစီး၍ မန္တလေးတပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသည် မြို့နယ်တွင်းရှိ ပြည်သူများအား ခရမ်းချဉ်သီး တစ်ပိသာ ၉၀၀ ကျပ်ဖြင့် ပိသာ (၈၀၀၀)ကိုလည်းကောင်း၊ ကြက်သွန်နီ (၁)ပိသာ ၂၈၀၀ ကျပ်ဖြင့် ပိသာ(၈၀၀၀)ကိုလည်းကောင်း၊ ဂေါ်ဖီထုပ် တစ်ထုပ် ၉၅၀ ကျပ်ဖြင့် (၅၀၀၀)ထုပ်ကိုလည်းကောင်း၊ ကြက်ဥတစ်လုံး ၁၆၀ ကျပ်ဖြင့် (၇၀၀၀)လုံးကိုလည်းကောင်း၊ ဆန်တစ်ပြည် ၁၄၀၀ ကျပ်ဖြင့် (၅၀)အိတ်ကိုလည်းကောင်း၊ စားအုန်းဆီတစ်ပိသာ ၅၀၀၀/ ကျပ်ဖြင့် ပိသာ(၅၀၀)ကိုလည်းကောင်း၊ ဆားတစ်ထုပ် ၁၀၀ ကျပ်ဖြင့် အထုပ်(၁၀၀၀)ကိုလည်းကောင်း အသီးသီးရောင်းချပေးခဲ့ရာ ပြည်သူများက ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်းဝင်း