စဉ့်ကူးမြို့နယ်၊ ရွှေလှေကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေလှေကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ရွှေလှေကျေးရွာ ဇောတိကာရုံကျောင်းတိုက်ဓမ္မာရုံတွင် ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် ရုံးဌာနများနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယနေ့နံနက်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊

ဖျာပုံမြို့နယ် အောင်သာယာကျေးရွာ အလက-ခွဲကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံမြို့နယ်၊ အောင်သာယာကျေးရွာအုပ်စု အလက-ခွဲကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မြန်အောင်မြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကျေးရွာများအရောက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်​ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ကညင်ငူကျေးရွာအုပ်စု၊ ကညင်ငူရွာသစ်ကျေးရွာ ပညာရာမဘုန်းတော်ကြီးဓမ္မာရုံတို့၌ ဌာနဆိုင်ရာအဖွဲ့(၂)ဖွဲ့ခွဲ၍ ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) နယ်စပ်‌‌ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ဩဂုတ် ၂၈ ရက်နေ့ နံနက် ၉ နာရီက ဧရာရပ်ကွက်ရှိ အမှတ် (၁) နယ်စပ်‌‌ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့နယ်ရှိကျေးရွာများတွင် မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ် ကြောင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းစသည့် စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။

စဉ့်ကူးမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ဆောက်သည့် စက်ရေတွင်း၊ ရေစက်ရုံနှင့် ရေစုကန်များအား ကျေးရွာရေရရှိရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် တောင်ငူ-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့တွင်းနှင့် လမ်းဘေးဝဲယာရှိ ပေါင်းမြက်ခြုံနွယ်များ သန့်ရှင်းစေရန်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အမှတ်(၁)ရပ်ကွက်နှင့် တောင်ငူ-လွိုင်ကော် လမ်းမကြီးလမ်းဘေးဝဲယာတစ်လျှောက် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ် အောက်စုသဘာဝ ရေပြင်အတွင်းသို့ ငါးအကောင်ရေ (၃.၈) သိန်းငါးမျိုး စိုက်ထည့်

ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာပေါကြွယ်ဝရေး၊ ငါးစားသုံးမှု ရေရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးမျိုးစိူက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက အောက်စုသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ် ​မန်ကျည်းကိုင်းကျေးရွာအုပ်စု၌ ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့်ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန်ကျည်းကိုင်းကျေးရွာ၊ သဒ္ဓမ္မပါလဘုန်းတော်ကြီး ကျောင်းဓမ္မာရုံအတွင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမရပူရမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများပါဝင်​သောစစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to