မအူပင်ခရိုင် Communicity Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မအူပင် ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ တက္ကသိုလ်ဘုန်းမြင့်သွေး၏ “လူ့ဘဝတိုးတက်ရာ တိုးတက်‌ကြောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စာအုပ်စာစောင် ချစ်မြန်နိုးသူများ အသင်း ဒုတိယဥက္ကဋ္ဌဦးစိုးနှင့် အဖွဲ့ဝင်ဆရာဦးဘိုထွေးတို့ ဦးဆောင်ဆွေးနွေးကြရာ မီးသတ်ဦးစီးဌာနဝန်ထမ်းနှင့် မိသားစုများ၊ စာပေဝါသနာရှင်များ၊ တက်ရောက် လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)