လူငယ်ရေးရာကော်မတီလုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် မသန်စွမ်းကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြစ်ကြီးနား  သြဂုတ် ၂၉

ကချင်ပြည်နယ်အတွင်း လူငယ်ရေးရာကော်မတီလုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် မသန်စွမ်းကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်မှ လူငယ်ရေးရာကော်မတီ လုပ်ငန်းတာဝန်များအား လွှဲပြောင်း​ပေးအပ်ရာ  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်သူမှ လက်ခံရယူခဲ့ပြီး အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်မှ ပြည်နယ်အတွင်း မသန်စွမ်းသူများအတွက် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ လုပ်ငန်းများနှင့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ ခရစ်ယာန်မျက်မမြင်ကျောင်းနှင့် လင်းလက်ကြယ် မျက်မမြင်များအဖွဲ့တို့မှ တက်ရောက်လာသည့် တာဝန်ရှိသူများက မိမိတို့မသန်စွမ်း ကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ပြန်လည် ရှင်းလင်းဆွေးနွးခဲ့ကြသည်။

ယော်ဆောင်(ပြန်/ဆက်)