မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အခြေခံပညာ အထက်တန်းကျောင်းနှင့် တွဲဖက်၍ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် အခြေခံပညာ အထက်တန်းကျောင်းနှင့် တွဲဖက်၍ စိုက်ပျိုးမွေးမြူးရေး အထက်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ             ​

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎​ရေနံနှင့်သဘာဝဓာတ်‎​ငွေ့လုပ်ငန်း၊ ​ချောက်/ လမ်းရွာ​ ရေနံ​မြေနှင့်အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (မ‎​ကွေးတိုင်း​ဒေသကြီး)တို့ ပူး​ပေါင်းဖွင့်လှစ်​သော

ရပ်စောက်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အားကစားသရုပ်ပြခြင်းနှင့်အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရတနာပုံ)၌ ပြုလုပ်သည်။

ပန်းတနော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)အောက်ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် MCCT အစီအစဥ်အရ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

မိုးမိတ်မြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။‌

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်လင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပေါင်လင်းကျေးရွာအုပ်စု၊ ပေါင်လင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတဆင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ စာပေချစ်မြတ်နိုးသူ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် အချိန်တွင် နေအိမ်မှတဆင့် Onlineအသုံးပြု၍ အလွယ်တကူ  စာပေဖတ်ရှုလေ့လာနိုင်စေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးအတွက် ဝန်ထမ်းများကအလှည့်ကျဖြင့် နေ့စဉ် Onlineမှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

လင်းခေးမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီး ကဗျာလွတ်အက(ပထမအဆင့်)ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့ ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ကဗျာလွတ်အက(ပထမအဆင့်)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လင်းခေးမြို့၊  အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ YouTube Makers ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၉နာရီက YouTube Makers ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့သည်။

ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဗဟိုအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းကိုယ်စားပြု ပြိုင်ပွဲဝင်တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းတွင် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဗဟိုအဆင့် နေပြည်တော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းကိုယ်စားပြု သီရိရာမ ဇာတ်တော်ကြီး ပြိုင်ပွဲဝင်တို့အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောအောင်ရွှေဖြူ ​ဦးစီးသောကျန်းမာရေးဝန်ထမ်းများမှ Covid ကာကွယ်ဆေး Booster Dose ထိုးနှံရန် လိုအပ်သည့် ၃၁ ဦး၊ First Dose ၃ ဦးတို့အား ယမန်နေ့ နေ့လယ် (၁) နာရီတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ​ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။
Subscribe to