အိမ်မဲမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မိသားစုဝင်များအား ခရိုင်ဘေး/ စီမံမှ ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၁၃)လမ်းတွင် သြဂုတ်လ (၂၆)ရက်နေ့ မွန်းလွဲ (၁) နာရီ(၁၅) မိနစ်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျကာ နေအိမ်(၃)လုံး မျက်နှာစာပျက်စီးခဲ့သော မိသားစုဝင်များအား ထောက်ပံ့ငွေပေး အပ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။