ဒဂုံမြို့နယ်တွင် ကိုဗစ်- ၁၉ ​ရောဂါကာကွယ်​ဆေးများ ဆက်လက်ထိုးနှံ​ပေး

ဒဂုံ သြဂုတ် ၂၉

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်၀င်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယ​နေ့နံနက် ၉နာရီက ၁၂နာရီထိ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး စောပိုင်၊ အဖွဲ့ဝင်(၂) ဦးမြင့်အေး၊ အတွင်းရေးမှူး ယာယီရဲမှူး မင်းခိုင်တို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေးဝန်ထမ်း (၈)ဦးမှ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ် ကွက်၊ ဦးဝိစာရရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့​​ ဆောင်ရွက်ရာတွင်ကျား(၆) ဦး၊ မ (၁၅) ဦး၊ ပေါင်း (၂၁) ဦးတို့အား (Sinopharm) အမျိုးအစား ကာကွယ်ဆေး (၁) လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေး လုံးရေ (၄.၂)လုံးအား လည်း ကောင်း၊ ဒုတိယအကြိမ်အဖြစ် ကျား(၄၀)ဦး၊ မ(၇၀)ဦး၊ ပေါင်း (၁၁၀)ဦးတို့အား (Sinopharm) အမျိုးအစား ကာကွယ်ဆေး (၁) လုံးလျှင် လူ(၅)ဦး နှုန်းဖြင့် ဆေး လုံးရေ(၂၂)လုံးအားလည်း ကောင်း၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးအဖြစ်  ကျား(၃၁) ဦး၊ မ(၇၆) ဦး၊ ပေါင်း (၁၀၇) ဦးတို့အား (Sinopharm) အမျိုးအစားကာကွယ်ဆေး (၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ (၂၁.၄)လုံးအားလည်းကောင်း၊ စုစုပေါင်း(ကျား ၇၇ +မ ၁၆၁ = ၂၃၈ ဦး)တို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြပြီး ကာကွယ်​ဆေးထိုးနှံ​နေစဉ် လုံခြုံရေးအား ဒဂုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်လှဝင်းပါ (၄)ဦးမှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

​မေသန္တာ