ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူး သြဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ပြီး သားဖွားခန်းရှိသော မြို့နယ်များဖြစ်သော ပဲခူး၊ ကျောက်တံခါး၊ တောင်ငူ၊ ဖြူး၊ ပြည်၊ ရွှေတောင်၊ သာယာဝတီ၊ မြို့နယ်များအား သားဆက်ခြားဆေးကဒ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်