ညောင်လေးပင်မြို့နယ်တွင် စားသုံးသူပြည်သူများ အဆင်ပြေစေရန် ဆီ ၁ ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

ညောင်လေးပင် ဩဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်က စားသုံးသူပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ဆီ ၁ ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာ၌ တစ်အိမ်ထောင်လျှင် ဆီ (၅၀) ကျပ်သားနှုန်းဖြင့်  ညောင်လေးပင် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက် များနှင့် အခြားမြို့များသို့လည်း ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီ ၁ ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် လိုက်လံရောင်းချပေးခြင်းအား လာရောက်ဝယ်ယူသော ပြည်သူတစ်ဦးမှ “အခုလိုလာ​ရောက် ရောင်းချပေးတဲ့အတွက် ဝမ်းသာပါတယ်။ အပြင်မှာ ဝယ်ရင် စျေးနှုန်း ၁ သောင်းကျော်နေတဲ့အချိန်မှာ အခုလို ၁ပိဿာ ၅ ထောင်နဲ့ လာရောင်းပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ နောက်လဲလာရောက် ရောင်းပေးဖို့အတွက် မျှော်လင့်ပါတယ်” ဟု ဦးအေးကျော်ထံမှ ပီတိစကားသံများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားသုံးဆီများလိုက်လံရောင်းချပေးခြင်းကို ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သိုက်၊ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဇော်မင်းယုနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်