ပြည်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ YouTube Makers ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြည် ဩဂုတ် ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၉နာရီက YouTube Makers ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက "ဝန်ထမ်းများအား မိမိတို့ဦးစီးဌာန(ရုံးချုပ်) မှ မကြာမီဆောင်ရွက်မည့် MTube Channel အသုံးပြုရာတွင် အဆင်သင့်ဖြစ်ပြီး အခက်အခဲမရှိရေးနှင့် နည်းပညာချိတ်ဆက် ဆောင်ရွက်မှုများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ ယခု YouTube Makers ဆင့်ပွား သင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်(၆) မြို့နယ်ရုံးများမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း(၁၅)ဦး တက်ရောက်ပြီး သင်တန်းတွင်  YouTube ကို စတင်မိတ်ဆက်ခြင်း၊ ကိုယ်ပိုင်Gmail account ဖြင့် ကိုယ်ပိုင် YouTube Channel ဖွင့်လှစ်နည်း၊ Subscriber များ ဖိတ်ခေါ်ချိတ်ဆက်နည်း၊ ကိုယ်ပိုင် YouTube Channel တွင် ဗီဒီယိုဖိုင်များ Uploadတင်နည်း၊ ကိုယ်ပိုင် YouTube Channel တည်ထောင်၍ မီဒီယာကျင့်ဝတ်များ၊ မူပိုင်ခွင့်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များနှင့်  YouTube Channel ကြော်ငြာများမှတစ်ဆင့် ဝင်ငွေရရှိအောင် ဆောင်ရွက်နည်းအဆင့်ဆင့် အပါအဝင်    သင်ခန်းစာ(၁)မှ (၁၃)အထိ သင်ခန်းစာများကို DBS Myanmar အဖွဲ့၏  YouTube Makers သင်တန်းမှ‌ ဆွေးနွေးပို့ချချက် ဗီယိုကလစ်များဖြင့် ပြည်ခရိုင်ရုံး ဝန်ထမ်းနှစ်ဦးက သင်တန်းကာလ နှစ်ရက်ကြာ ထပ်ဆင့်မျှဝေဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)