နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး

နောင်ချို ဩဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတဆင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ စာပေချစ်မြတ်နိုးသူ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် အချိန်တွင် နေအိမ်မှတဆင့် Onlineအသုံးပြု၍ အလွယ်တကူ  စာပေဖတ်ရှုလေ့လာနိုင်စေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးအတွက် ဝန်ထမ်းများကအလှည့်ကျဖြင့် နေ့စဉ် Onlineမှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စကားပုံများတင်ဆက်ပေးခြင်း၊ လက်မှုပညာများပြုလုပ်ပြသခြင်း၊ သိမှတ်ဖွယ်ရာ အစီအစဉ်များကိုလည်းကောင်း၊ စာပေချစ်မြတ်နိုးသူပြည်သူများအတွက် သုတ/ရသစာအုပ်များ မိတ်ဆက်ခြင်း၊ ကျန်းမာရေးအသိပညာပေးဆောင်ပါးများ တင်ဆက်ခြင်းများနှင့် အသိပညာပေး Talk Show အစီအစဉ်များကိုရိုက်ကူး၍ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Page မှတဆင့် နေ့စဉ်ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

 ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)