ရပ်စောက် ဩဂုတ် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အားကစားသရုပ်ပြခြင်းနှင့်အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရတနာပုံ)၌ ပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ရတနာပုံ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်အားကစားမှူးဦးမြတ်သူမှ အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအားမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ရပ်စောက်မြို့နယ်လက်ရွေးစင် မြန်မာ့သိုင်းအားကစားသမားများက မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)