ပန်းတနော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)အောက်ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်

ပန်းတနော် သြဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် MCCT အစီအစဥ်အရ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပန်းတနော်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂၄၀၆)ဦးနှင့် (၂)နှစ်အောက်ကလေး (၅၃၄၉)ဦး စုစုပေါင်း (၇၇၅၅)ဦးတို့အား အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)