လင်းခေးမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီး ကဗျာလွတ်အက(ပထမအဆင့်)ပြိုင်ပွဲ ကျင်းပ

လင်းခေး ဩဂုတ်၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့ ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ကဗျာလွတ်အက(ပထမအဆင့်)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လင်းခေးမြို့၊  အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများမစတင်မီ အကဲဖြတ်အမှတ်ပေးကြီးကြပ်ရေးဒိုင်အဖွဲ့မှ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အမှတ်ပေးစည်းမျဉ်းစည်းကမ်းချက်များကိုရှင်းလင်းပြီး၊ ပြိုင်ပွဲဆက်လက်ကျင်းပရာ အ-လ-က (တောင်ရွာ)ကျောင်း၊ အလက(ပန်ဝေါင်)ကျောင်း၊ အထက(ခွဲ)နမ့်ဆိုင်းကျောင်း၊ အ-ထ-က(လင်းခေး)ကျောင်း၊ အ-ထ-က(ခွဲ) နားကုန်းကျောင်းနှင့် အ-ထ-က (ဝမ်ဟတ်)ကျောင်းများမှ စုစုပေါင်းပြိုင်ပွဲဝင်(၆)ဖွဲ့တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အ-ထ-က လင်းခေးကျောင်းမှ ပြိုင်ပွဲဝင်အဖွဲ့များက အမှတ်အများဆုံးရရှိပြီး ၎င်းတို့အဖွဲ့အနေဖြင့် ခရိုင်အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာ(အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်(အမျိုးသမီး)များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)