ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဗဟိုအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းကိုယ်စားပြု ပြိုင်ပွဲဝင်တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

သင်္ဃန်းကျွန်း ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်းတွင် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဗဟိုအဆင့် နေပြည်တော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းကိုယ်စားပြု သီရိရာမ ဇာတ်တော်ကြီး ပြိုင်ပွဲဝင်တို့အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောအောင်ရွှေဖြူ ​ဦးစီးသောကျန်းမာရေးဝန်ထမ်းများမှ Covid ကာကွယ်ဆေး Booster Dose ထိုးနှံရန် လိုအပ်သည့် ၃၁ ဦး၊ First Dose ၃ ဦးတို့အား ယမန်နေ့ နေ့လယ် (၁) နာရီတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ​ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

ယဉ်ကျေးမှုတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်ကေသီထွေး၊ သင်္ဃန်းကျွန်း မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးတို့မှ Covid ကာကွယ်ဆေး ထိုးနှံပေးပြီးနောက် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲ ဗဟိုအဆင့် နေပြည်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကိုယ်စားပြု သီရိရာမ ဇာတ်တော်ကြီး ပြိုင်ပွဲဝင် (၃၁)ဦး၊ ပံ့ပိုး(၆)ဦး၊ နည်းပြ(၃)ဦး စုစုပေါင်းအင်အား ၄၀ ဦးတို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းအတွင်း ဇာတ်တိုက်လေ့ကျင့်နေမှုအား အားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ကိုဘုန်း(သင်္ဃန်းကျွန်း)