နမ့်စန်တွင် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြော

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းများ၌ အသိပညာပေးအစီအစဉ် (quick-win Project) ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း (ပြည်ထောင်စု/ပြည်နယ်) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားအဆိုပြုချက်များနှင့်ပတ်သက်သော ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်း (ပြည်ထောင်စု/ပြည်နယ်) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားအဆိုပြုချက် များနှင့်ပတ်သက်သော ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို

ဂွမြို့တွင် မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်

ရခိုင်ပြည်နယ် ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာ ရုံးများသို့ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဝန်ထမ်းများက ယမန်နေ့၊ နေ့လည်ပိုင်းက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နမ့်စန်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း (၁) နာရီက အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။

မိတ္ထီလာမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်း ဖွင့်ပွဲလှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့ ထပ်လုံစေတီတော် သာသနာ့ဂရန်လျှောက်ထားနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော် သာသနာ့ဂရန်လျှောက်ထားနိုင်ရေးအတွက် ဩဂုတ် ၂၈ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် စပ်လျဉ်းသည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် စပ်လျဉ်းသည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့၌ စားအုန်းဆီတစ်ပိဿာ(၅၅၀၀ိ/-)နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မြစ်သားမြို့နယ်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်အတွက် စာအုန်းဆီတစ်ပိဿာ ၅၅၀၀ိ/-နှုန်းဖြင့် မြို့နယ်အတွင်းရှိနေရာ(၃)နေရာတွင် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးကြောင်းသိရသည်။
Subscribe to